<div style='background-color: none transparent;'></div>

Home » » အဆိုတော်ဟဲလေးရဲ့ဒုတိယမြောက် ရင်သွေး ကားပေါ်တွင် မွေးဖွား"

အဆိုတော်ဟဲလေးရဲ့ဒုတိယမြောက် ရင်သွေး ကားပေါ်တွင် မွေးဖွား"

ဟဲလေးနဲ့ မြတ်သီရိလင်း တို့ရဲ့ ဒုတိယမြောက် ရင်သွေးဖြစ်တဲ့ သားယောက်ျားလေး ကို နိုဝင်ဘာ ၁ရက်နေ့ မနက် ၉နာရီ မိနစ်၂ဝက မွေးဖွား ခဲ့ပါတယ်။ ပေါင်အလေး ချိန်၇ ပေါင် ၇အောင်စ
ရှိပြီးမွေးဖို့ ဂျူးဒိတ် ပေးထားတဲ့ ရက်ထက် ၁ပတ်လောက် ကြိုပြီး မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၁ပတ်လောက်ကြိုပြီး စောမွေးခဲ့သလိုပဲ ဇနီးဖြစ်သူက ဗိုက်နာလို့ ဆေးရုံ ကိုအသွား ကားပေါ်မှာပဲ မွေးဖွားခဲ့တာဖြစ်ကြောင်း၊ မွေးဖွားတဲ့အချိန်မှာတော့ ဇနီးအနားမှာမရှိခဲ့ဘဲ သူ့အနေနဲ့ ပျဉ်းမနားမှာ သီချင်းသွားဆိုတဲ့ အချိန်ဖြစ်နေကြောင်း ဟဲလေးက ပြောပါတယ်။

မွေးဖွားဖို့အတွက် OG ဒါက်တာ ဒေါ်မေသူမျိုးညွန့် နဲ့ အပ်ထားပြီးဖြစ်ပြီး၊ ဝိတိုရိယမှာ မွေးဖို့အတွက် အားလုံးစီစဉ် ထားပြီးပြီ ဖြစ်ပေမယ့် အခုလို ကားပေါ်မှာပဲ မွေးဖွားခဲ့တဲ့ အတွက် တအားထူးခြားကြောင်း ပြောလာတဲ့ ဟဲလေးက..
”ကျွန်တော်က ပျဉ်းမနားမှာ သီချင်းသွား ဆိုရင်းနဲ့ ဒယ်ဒီဟဲလေး အခွေ အတွက် ပရိုမိုးရှင်းလည်း သွားလုပ်နေတဲ့အချိန်ပါ။ မွေးတဲ့အချိန်မှာ ကျွန်တော် မရှိဘူး။ အမျိုးသမီးက ဗိုက်နာလို့ ဆေးရုံအသွား ကားပေါ်မှာပဲ မွေး တယ်။ အဲဒါနဲ့ နေပြည်တော်ကနေ ချက်ချင်းပြန်လာလိုက်တာ။ ကျွန်တော့်ကို ဖုန်းဆက်ပြီး လှမ်းပြောတော့ အံ့သြသွားတာပေါ့။ မွေးဖို့ရက်က လိုသေးတယ်လေ။ ဖုန်း လှမ်းဆက်တော့ ကျွန်တော်က မိုးလင်းအထိ သီချင်း ဆိုထားတာမို့ မနက်လင်းတဲ့အထိ အိပ်နေတာပေါ့။ ဖုန်းပိတ်ပြီးအိပ်လိုက် တယ်။ မနက်၉နာရီလောက်ကျတော့ အစ်ကိုဝမ်းကွဲက လာပြောတယ်။ မင်းမိန်းမကလေး မွေးသွားပြီပြောတော့ ဟာဘယ်လိုဖြစ်တာလဲပေါ့။ နောက် သူက ဆက်ပြောတယ်။ ကားပေါ်မှာ မွေးတာလို့ ထပ်ပြောတော့ နှစ်ခါ မျက်လုံးပြူးသွားတယ်။ ကားပေါ်မှာ မွေးတော့ သူငယ်ချင်းတွေက တောင်နောက်နေတယ်။ အကြီးက သားသားဟဲဆိုတော့ အငယ်ကို ကားကား ဟဲ လို့ဆိုပြီး နောက်ခေါ်နေကြတယ်။ ကျွန်တော်တို့လည်း အဲဒီနာမည်လေး ကိုပဲ ချစ်စနိုးနဲ့ခေါ်နေကြတယ်။ လူကြီးရော၊ ကလေးရော ကျန်းမာကြ ပါတယ်” လို့ ပီတိစကားတွေ နဲ့ ဆိုလာပါတယ်။

ဒယ်ဒီဟဲလေး အခွေထွက်ပြီး ၂ရက်မှာပဲ ဒုတိယသားလေးကို မွေးဖွားလာတဲ့အတွက် ဒါကလည်း ထူးခြားမှုတစ်ခုလို့ပဲ ဆိုချင်ကြောင်း ဟဲလေး က ပြောပါတယ်။

လင်းအက္ခရာ
popular journal
Share this article :

1 comments:

စံပယ်ချို said...

ခလေးကိုတော့လိုချင်တယ် ထူးဆန်းတယ်နော်
အဲလိုနီတာရဲလေးချစ်စရာလေး

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map