<div style='background-color: none transparent;'></div>

Home » » သမီးလေးနှစ်နှစ်ပြည့်မွေးနေ့ အမှတ်တရကိုယ်တိုင်ရေးဆောင်းပါးနဲ့ ထက်ထက်မိုးဦး

သမီးလေးနှစ်နှစ်ပြည့်မွေးနေ့ အမှတ်တရကိုယ်တိုင်ရေးဆောင်းပါးနဲ့ ထက်ထက်မိုးဦး

မိခင်ရဲ့မေတ္တာကို လူတိုင်း လူတိုင်း အဓိပ္ပာယ်တစ်မျိုးစီ ဖွဲ့ဆို ကြမှာအမှန်ပဲ။ ထက်ထက်လည်း ထက်ထက်ဘဝမှာ မိခင်မေတ္တာငတ် မွတ်ခဲ့ရတော့ မိခင်မေတ္တာကိုသူများ   တွေတောင့်တတာထက်၊ လိုလားတာ ထက်၊ မျှော်လင့်တာထက် ပိုခဲ့သူပါ။ မိခင်ဆိုတာနဲ့ အတူတူမကြီးပြင်းခဲ့ရ ဘူး။ ဒါကြောင့် မိခင်မေတ္တာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ သိပ်သိချင်ခဲ့ တယ်။ တခြား ရွယ်တူကလေးတွေ အမေလို့ခေါ်နေချိန်မှာ ငေးမော အားကျရင်း ထက်ထက်ဘဝကို မျက်စိသူငယ်၊နားသူငယ်နဲ့ တည် ဆောက်ခဲ့ရတာပါ။ ပညာကိုလည်းဆုံးခန်းထိတိုင်မတက်ရောက်ဘဲ၊ ပညာတစ်ပိုင်းတစ်စနဲ့ ထက်ထက် အနုပညာလောကထဲ ခြေစုံပစ်ဝင် လာခဲ့ပါတယ်။ အနုပညာလောကမှာ လည်း ကိုယ်ေ နရာလေးတစ်ခုရဖို့ အတွက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ ရတယ်။ ဇာတ်ကားတွေရိုက်ကူးရင် မိသားစုဇာတ်လမ်းဆိုရင် ထက်ထက်  စိတ်ကိုတအားနှစ်ပြီး သရုပ်ဆောင် ပစ် လိုက်တယ်။ မိသားစုဇာတ်ကား ရိုက်ပြီဆိုလည်း ပြောမပြတတ်အောင် ခံစားရပါတယ်။ ဇာတ်လမ်းသဘော အရ ပျော်ရွှင်တဲ့မိသားစုဘဝမျိုး ရိုက်ရရင် ထက်ထက်စိတ် ထဲမှာကျိတ်ပြီးပျော်နေရတာ။ တကယ် လက်တွေ့ဆိုရင် ဘယ်လောက်ထိ များပျော်နေမလဲ၊ တွေးပြီး ဝမ်းနည်း ရတာလည်း အခါခါပါပဲ။
ထက်ထက် မိသားစုဘဝကို ခုံမင် တယ်၊ လိုချင် တယ်။ ဘာကြောင့်လဲဆိုတော့ ထက် ထက်က ဘဝကို အထီးကျန်ဆန်စွာကြီးပြင်းလာခဲ့ရတယ်။ ထက်ထက်လို ပဲ မိသားစုမပြည့်စုံတဲ့လူတွေ ဒီလောကမှာ အများကြီးရှိနေတယ် ဆိုတာ သိတယ်။ တကယ်စဉ်းစား ကြည့်တော့လည်း လူ့ဘဝဆိုတာ ခဏလေးပါပဲ။ မျက်စိတစ်မှိတ် အတွင်းမှာ အပြောင်းအလဲတွေက သိပ်မြန် ဆန်လွန်းတယ်။ဝမ်းနည်း ကြေကွဲရတဲ့လူတစ်ယောက်က ချက် ချင်း ပျော်ရွှင်ကြည်နူးရသလို၊ ပျော် ရွှင်ကြည်နူးရတဲ့ လူတစ်ယောက်က လည်း အချိန်မရွေး ဝမ်းနည်းကြေ ကွဲ ရတဲ့လူဖြစ်သွားနိုင်တာပဲ။ထက် ထက်အနေနဲ့ ဒီခဏတာလူ့လောက မှာ ဘဝမကုန်ဆုံးနိုင်သေးသရွေ့ ပျော်ရွှင်ကြည်နူးချင်သေးတယ်။ မိခင်မေတ္တာကို ကိုယ်တိုင်ခံ စား မြည်းစမ်းချင်သေးတယ်။ သာယာတဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ချင် သေးတယ်။ ကိုဇူးနဲ့ မေတ္တာ မျှအိမ် ထောင်ကျသွားတဲ့အချိန်ကစပြီး ပြည့်စုံတဲ့မိသားစုဘဝကို ထက်ထက် ရော၊ကိုဇူးရော တောင့်တခဲ့ပါတယ်။ တောင့်တသလိုပဲထက်ထက်တို့ ပထမရင်သွေးလေးကို ကိုယ်ဝန်လွယ် ခဲ့ရပါတယ်။ ကိုယ်တို့နှစ်ယောက်က တကယ်ေ မတ္တာစစ်၊မေတ္တာမှန်နဲ့ ချစ်ခဲ့ကြပြီးကိုယ်ဝန်လွယ်ထားရ တော့နှစ်ယောက်စလုံးရင်ခုန်ပျော် ရွင်ရပါတယ်။ဒီလိုနဲ့ထက်ထက်သားသမီးဘဝတုန်းက မသိခဲ့၊ မရခဲ့၊ မခံစားခဲ့ရ တဲ့ မိခင်မေတ္တာကို ကိုယ် တိုင် မိခင်တွေရဲ့အစ ကိုယ့်ရင်သွေး သားသမီးကို လွယ်ထားရတယ်လို့ သိရတဲ့အချိန်မှာ ထက်ထက်ရင်သွေး လေးအပေါ်မှာ မိခင်မေတ္တာ အပြည့် အဝပေးနိုင်ဖို့ ထက်ထက် မျှော်လင့် ပြီးအားတင်းကြိုးစားခဲ့ရတယ်။ ပထမကိုယ်ဝန်ကထက်ထက်ပဲကံခေ လွန်းတာလား၊ ထက်ထက်ကပဲ မျှော် လင့်ချက်ကြီးမား လွန်းတာလား မသိ ဘူး၊ ထက်ထက်မက်မောခဲ့တဲ့ မိခင် ဘဝအိပ်မက်လေးဟာ ၂ဝ.၉. ၂ဝဝ၉ မှာ ပြိုကျပျက်စီးသွားခဲ့ရ တယ်။သားကြီးရေ..လို့ ခေါ်ဖို့ကံမပါလာတဲ့သားကို ဆုံးရှုံးရတဲ့ အချိန်မှာဒီလောကမှာ ငါ့ထက် ပူပန် ပူဆွေး သောကဘယ်သူက ခံစားရမှာ လဲလို့တောင် တဖွဖွပြောရင်း ဖြေမ သာနိုင်ခဲ့ပါဘူး။ ဒါ ပေမဲ့ ကံဆိုးခြင်း တွေ ကုန် လွန်ပြီး ကံကောင်းခြင်း တွေ ထက်ထက်ဆီပြန်လာဦးမှာပဲ လို့အားတင်းထားရင်း ဒုတိယ ရင်သွေး လေးကိုလွယ်ထားရပါတယ်။ တကယ့် လက်တွေ့ မိသားစုဘဝ ထက် ထက် လက်ထဲ ရောက်လာပြီ၊ ဒါ အိပ်မက် မဟုတ်သလို ဒါဟာ ခဏတာ မဟုတ် ဘူး။ တကယ့်ကံကောင်းခြင်းတွေ ထက်ထက်လက်ထဲရောက်လာပြီလို့ စိတ်ထဲမှာသတ် မှတ်ရင်း၊ ဘုရားစာ ရွတ်ရင်း ရတနာသုံးပါး၊ အနန္တော အနန္တငါးပါးနဲ့ ဘုရားဂုဏ်တော် ကိုးပါးကျေးဇူးတွေကို ထက်ထက် တစ်ခါမှ မေ့လျော့မှုမရှိအောင်  နေခဲ့တာ ၉ လ လွယ် ၁ဝ လဖွားတဲ့ အထိပါပဲ။ သြော်..ဖွားဖို့အတွက် ထက်ထက်ကြိုတင်ရင်ခုန်နေရပြန် ပြီ။ တစ်ရက်အလိုမှာ နေမထိထိုင် မသာ ခံစားရပါတယ်။ မွေးခန်းထဲ မှာလဲ စိတ်ကို အတည်ငြိမ်ဆုံးထား ပါတယ်။၁၁.၁.၁၁ မှာတော့ ထက် ထက်မိုးဦးမိသားစုဘဝကို ပိုင်ဆိုင် ရပြီ၊တကယ့်လက်တွေ့ဆိုတာသိလိုက် ရတော့ ဒီလောကမှာထက်ထက် ထက် ဘယ်သူပိုပျော်ရသေးလဲမွေး လာကတည်းက ဖြူဖြူ ဖွေးဖွေးတစ်တုံး တစ်ခဲကြီးချစ်စရာကောင်းလိုက်တာ။သြော် ဒါ ထက်ထက်ရဲ့သမီးလေးပဲ။ မွေးဖွားပြီး စက္ကန့်ကနေ အခု၂နှစ်ထိ တိုင် ထက်ထက်ကိုယ်တိုင်ပြုစုပျိုး    ထောင်ခဲ့ပါတယ်။၂နှစ်အတွင်းမှာထက်ထက် ကိုယ်တိုင် ကလေးထိန်းတယ်။ ခုဆို စကားတောင် ပြောတတ်ပြီ။သိပ်တတ် လာ ပြီ။ ဒီသမီး လေးကြောင့် ထက်ထက်နဲ့ ကိုဇူးတို့ ပျော်ရွှင်ရတယ်။ရယ်မောရ တယ်။ဘယ်နေရာသွားသွား မထက် သမီး လေးကောမပါဘူးလား၊ ဒီမေးခွန်း တွေ   မေးခံ ရသလို၊သူပါရင်လည်း ဟယ်..ချစ်စရာလေး .. အိုးချစ်စရာကောင်း တယ်။တကယ့်ထက် ထက်မိုးဦးကိုယ်ပွား လေးပဲ။ ဒီစကားတွေ ကြားရတော့ ကိုယ်တို့ နှစ် ယောက်   ပျော်ရွှင်ရပြန်ရော။သိတတ်လွန်းတဲ့သမီး လေးကြောင့် ထက်ထက်တို့ ဇနီးမောင်နှံက ပြည့်ဝပြည့်စုံတဲ့မိသားစုကို ပိုင်ဆိုင်ရတယ်။ အိပ်ရာဝင် ခါနီးတိုင်း မိဘကိုကန်တော့ တာ။ဘယ်သူမှ မသင်ပေးဘဲ တတ်တဲ့ အတတ်လေးမို့ တအားချစ်ပါတယ်။ ခုဆို လည်းတစ်အိမ်လုံး သူ့ အသံတွေပဲ။ ဆူညံနေ တာ ထက်ထက် လည်းမောရပါ တယ်။   နေ့တိုင်း နေ့ တိုင်း စကားမပြောရတဲ့နေ့ဆိုတာမရှိဘူး။ ခဏနေပြောရပြန်ပြီ။ သြော်..ခဏနေဆို ရပြန်ပြီ။အမေ့ အရိပ်အကဲကိုလည်း သိ တတ်လွန်းတဲ့သမီးလေး၊ အဖေ့ရဲ့ အချစ်ကိုလည်းနားလည်လွန်းတဲ့ သမီးလေး။ထက်ထက်က သူ့အတွက် မေတ္တာပို့ပေးပါတယ်။လိမ္မာယဉ်ကျေး ပြီးဘုရား၊တရား၊သံဃာ၊ မိဘ၊ ဆရာကို သိတတ် ပြီးပညာပြည့် ဝစုံလင်တဲ့ သမီးရတနာကောင်း တစ် ယောက်ဖြစ်ပါစေ။ သူ့မွေး နေ့မှာလည်းတအားပျော် တယ်။ထက်ထက်သူ့ကို ဘုရားစာတွေ လည်း သင်ပေး မယ်။ သူ့ရဲ့ဝါသနာကအမေလိုရော၊ အဖေလိုရောပါပဲအနုပညာတအားဝါ သနာပါတယ်။သီချင်းသံကြားရင် မြူးနေသလိုအိုက်တင်လုပ်တဲ့ အခါမှာလည်း အမေထက်ထက် မိုးဦးတောင် အရှုံးပေးရပါ တယ်။နေရာတကာမှာလည်း သူပဲ။ ပရိသတ်တွေချစ်တော့ ကိုယ်လည်းပျော်ရပါတယ်။ သမီးလေးစစ်လွန်းဝတီထက်လေး၊မေမေဖေဖေ တို့ဆီ ကိုလာခြင်းကောင်းတဲ့ သမီးလေး၊ ပျော်ရွှင်စရာကြည်နူးစရာတွေကို သယ်လာပေးတဲ့ သမီးလေး၊ ဘဝမှာ ရေလိုအေး၊ ပန်းလိုမွှေးပြီးအသက် တစ်ရာကျော်ရှည် ပါစေ။ တိုင်းပြည် အတွက်၊ပြည်သူ့အတွက်၊မိဘအတွက်၊မိတ်ဆွေအတွက်၊ ဆွေမျိုးအတွက် အလင်းသဖွယ် အကျိုးကောင်းတွေ ပြုနိုင်ပါစေလို့ ဖေဖေမေမေက သမီးလေးမွေးေ န့အတွက် ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။ထက်ထက် အခု မိခင်မေတ္တာဆို တာရေရေရာရာ သေ သေချာချာသိလိုက်ရ ပါပြီ။ခံစားရပါပြီ။ ဒါဘယ်သူ့ကြောင့်လဲ ဆိုတာ ထက်ထက်ရဲ့ရင်သွေးလေးတွေကြောင့်ပဲပေါ့။
 သမီးလေးနှစ်နှစ်ပြည့်မွေးနေ့ အမှတ်တရ
ထက်ထက်မိုးဦး
၁၁.၁.၁၃
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map